Mozilla

Firefox OS ကိုယ်ရေးကိုယ်တာ သတိပေးချက်

Mozilla ကသင်၏ ကိုယ်ရေးကိုယ်တာကို အလေးထားပါသည်။ Firefox OS သည် ကျွန်ုပ်တို့အား အချက်အလက်များပို့ပေးသည့်အခါ ကျွန်ုပ်တို့ Mozilla ကိုယ်ရေးကိုယ်တာ မူဝါဒသည် အဆိုပါအချက်အလက်ကို မည်သို့ ကိုင်တွယ်အသုံးပြုရန် ဖော်ပြပါသည်။

သင် သိသင့်သောအရာများ

  • အသစ်ပြင်ဆင်ချက်များ။ ။ နောက်ဆုံး အသစ်ပြင်ဆင်ချက်ကို ထိန်းသိမ်းထားရန် Firefox OS သည် သင့်ကိရိယာ၏ ထုတ်လုပ်သူကိုယ်စား သို့မဟုတ် ထိုသူမှ ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုကို အလိုအလျောက် ချိတ်ဆက်ပါသည်။ ထည့်သွင်းထားသည့် အပလီကေးရှင်းများအတွက် အသစ်ပြင်ဆင်ချက်များကို Firefox OS သည် Firefox ဈေးကွက်နေရာ၊ သို့မဟုတ် သင်က အခြားနေရာမှ အပလီကေးရှင်းတစ်ခုကို ထည့်သွင်းထားပါက ယင်းအပလီကေးရှင်းကို ရေးသားသူ၏ ဝန်ဆောင်မှုများသို့ တောင်းဆိုမှု ပေးပို့ခြင်းအားဖြင့် အလိုအလျောက် စစ်ဆေးပေးပါသည်။
  • တည်နေရာ။ ။ တည်နေရာပြဝန်ဆောင်မှုများကို သင်ဖွင့်လိုက်သောအခါ Firefox OS သည် သင်၏တည်နေရာကိုခန့်မှန်းရန် GPS, AGPS နှင့်အခြား ဘူမိတည်နေရာ ဝန်ဆောင်မှု ပေးအပ်သူများ အပါအဝင် ဒေတာ အချက်အလက် မျိုးစုံကိုသုံးနိုင်ပါသည်။ သင်သည် သင့်ကိရိယာရှိ Firefox OS "သတ်မှတ်ချက်များ" အပလီကေးရှင်းထဲမှ တည်နေရာပြဝန်ဆောင်မှုများကို ပိတ်ထားနိုင်ပါသည်။ AGPS ဝန်ဆောင်မှု ပေးအပ်သူ စည်းကမ်းချက်များနှင့် ပတ်သက်ပြီး ပိုမိုလေ့လာပါ
  • ကနဦး အသက်ဝင်စေမှု။ ။ သင့် Firefox OS ကိရိယာက ကနဦး အသက်ဝင်သောအခါ တစ်ကြိမ်သာ အသုံးပြုနိုင်သော ဒေတာဆက်သွယ်မှု (ဥပမာ၊ ဆော့ဖ်ဝဲ ထုတ်လုပ်သည့်ဗားရှင်း၊ ပါတနာအိုင်ဒီ၊ နိုင်ငံနှင့် စခရင် အရွယ်အစား စသည့် သတ်မှတ် ကိရိယာအချက်အလက်များနှင့် ပတ်သက်သော ဒေတာများ) ကို Firefox OS က Mozilla သို့ ပေးပို့ပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ သုံးစွဲသူများနှင့် ပါတနာများအတွက် လုံခြုံရေး အသစ်ပြင်ဆင်ချက်များနှင့် အရေးကြီးသည့် ပြင်ဆင်ချက်များ လိုအပ်မှု ရှိ၊ မရှိ Mozilla ကို ဆုံးဖြတ်နိုင်စေပါသည်။ ကျွန်ုပ်တို့၏ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် အပလီကေးရှင်းများကို တည်ဆောက်ရန်အလို့ငှာ အက်ပ်ရေးသားသူများအတွက် လိုအပ်ချက်များကို ဆုံးဖြတ်ပေးနိုင်ပါသည်။ ထို့ပြင် ဈေးကွက် လေ့လာသုံးသပ်မှု (ဥပမာ- ကိရိယာ မည်မျှ အသက်ဝင်နေသည်ကို ဆုံးဖြတ်ခြင်း) အတွက် Mozilla အားကူညီပါသည်။ ပိုမိုလေ့လာပါ
  • အပလီကေးရှင်း အသုံးပြုမှု။ ။ Firefox ဈေးကွက်နေရာတွင် အကြောင်းအရာ ရှာဖွေတွေ့ရှိမှု တိုးတက်စေရန်အတွက် Firefox OS သည် "အသုံးချ ပရိုဂရမ် အသုံးပြုမှု အချက်အလက်များ" (ဥပမာ အသက်ဝင်သော အသုံးပြုမှုအချိန်၊ အဖွင့်/အပိတ်/အပျက် အရေအတွက်များ၊ Firefox OS သုံး ကိရိယာများပေါ်တွင် ဖြုတ်ပယ်ထားသည် အပလီကေးရှင်းများ စာရင်း) ကို ပေးပို့ပါသည်။ သင်သည် သင့်ကိရိယာရှိ Firefox OS "သတ်မှတ်ချက်များ" အပလီကေးရှင်းပေါ်မှ အပလီကေးရှင်း အသုံးပြုမှု အချက်အလက် မျှဝေခြင်းကို ပိတ်ထားနိုင်ပါသည်။ ပိုမို လေ့လာပါ
  • အချက်အလက် ရှာဖွေရေး ပေးအပ်သူ အချက်အလက်။ ။ Firefox OS သုံးကိရိယာများပေါ်တွင် ရှာဖွေရေး တိုးတက်ကောင်းမွန် စေရန်အတွက် မည်သည့် ရှာဖွေရေး အင်ဂျင်မှ ရှာဖွေရေးရလဒ်များကို ကိရိယာသို့ ထောက်ပံ့ပေးကြောင်း အချက်အလက်ကို Firefox OS က Mozilla သို့ ပို့ပေးသည်။ သင်သည် သင့်ကိရိယာရှိ Firefox OS " သတ်မှတ်ချက်များ" အပလီကေးရှင်းပေါ်မှ ရှာဖွေရေး အင်ဂျင်မှ ရှာဖွေမှုရလဒ် အချက်အလက် မျှဝေခြင်းကို ပိတ်ထားနိုင်ပါသည်။ ပိုလေ့လာပါ

  • အကယ်၍ Mozilla အပြင် အခြားတစ်စုံတစ်ဦးပြုလုပ်သော အပလီကေးရှင်းများကို သင်ကအသုံးပြုလျှင် ထိုသူတို့၏ ကိုယ်ရေးကိုယ်တာ မူဝါဒများက အကျုံးဝင်ပါမည်။
  • Firefox OS က သင့်ကို သင့်အီးမေးလ် သို့မဟုတ် လူမှုပံ့ပိုးပေးသူ ကဲ့သို့သော ပေါင်းစည်း ကြားခံ ဝန်ဆောင်မှုများ သုံးစွဲရန် ခွင့်ပြုထားသည်။ ထိုဝန်ဆောင်မှုများ၏ ကိုယ်ရေးကိုယ်တာ မူဝါဒသည် ၎င်းတို့ကို သင်ကအသုံးပြုမှုပေါ်တွင် အကျုံးဝင်ပါမည်။

ဆက်သွယ်ပါ