ပျမ်းမျှအားဖြင့် လူတစ်ယောက်သည်တစ်ရက်တာအတွက် ကြော်ငြာ 4,000 မြင်သည်။ သင့်အတွက် အလွန်များသည်ထင်လျှင် ကြော်ငြာပိတ်ဆို့ခြင်းကို ရယူပါ။
ကြော်ငြာပိတ်ဆို့ခြင်းသည် ကြော်ငြာများကို မမြင်အောင်သုံးစွဲသော ဆော့ဝဲလ်အသေးစားသာဖြစ်ပြီး နည်းလမ်းနှစ်မျိုးဖြင့် အလုပ်လုပ်သည်။ ပထမနည်းလမ်းမှာ ကြော်ငြာဆာဗာမှ လာသောအညွှန်းများကို ပိတ်ခြင်းဖြင့် သင့်စာမျက်နှာပေါ်တွင် ဖျောက်ခြင်းဖြစ်ပြီး ဒုတိယနည်းလမ်းမှာ ကြော်ငြာဖြစ်လာနိုင်သော ဝဘ်ဆိုက်အပိုင်းများကို ပိတ်ဆို့ခြင်းဖြစ်သည်။
ဤကြော်ငြာများသည် အသံကျယ်ဗီဒီယိုပါရှိနိုင်သည့်အပြင် သင့်အားဝဘ်ပေါ်တွင် ခြေရာခံမှုများများ၊ကွတ်ကီးများနှင့်အခြားအရာများပါနိုင်သည်။ ကြော်ငြာဖျောက်ဖျက်မှုအားသုံးလိုလျှင် ဘရောက်ဇာတွင်ရနိုင်သောအက်အွန်များကိုရှာဖွေ၍သုံးပါ။ Firefoxဥပမာအားဖြင့်ကြော်ငြာဖျောက်ဖျက်မှုစာရင်းများ ဤစာရင်းများကို သင့်လိုအပ်သလိုရွေးချယ်၍နှိပ်ပါ။
ကြော်ငြာဖျောက်ဖျက်မှုကိရိယာAdBlockerသည် ကြော်ငြာများကိုဖယ်ရှားနိုင်သည့်အတွက်သင်ကြိုက်နှစ်သက်သည့်ထုတ်ကုန်များကြော်ငြာကိုလည်းဟန့်တားနိုင်သည်။ထို့ကြောင့်သင့်အတွက်လိုအပ်သည့်ထုတ်ကုန်များကြော်ငြာမှုတားမြစ်ထားသောကြောင့်သင့်အတွက်ခက်ခဲနိုင်သည်။
ဝဘ်ဆိုက်ကြည့်ရင်းတက်လာသောကြော်ငြာများကတော့ အဆိုးရွားဆုံးဖြစ်ပါတယ်။ ဖျောက်ဖျက်ချင်လျှင် ဤပေါ့အက်ပ်ပိတ်ဆို့ခြင်းကို သုံးစွဲပါ
Chrome, Safari and Firefox အတွက်အကောင်းဆုံးသောကြော်ငြာပိတ်ဆို့ခြင်းများထဲမှ တစ်ခုမှာ AdBlock ဖြစ်ပြီး Facebook, YouTube and Huluတွင်လည်းသုံးနိုင်သည်။
Firefoxတွင် PrivacyorContent Blockingရွေးချယ်စရာများဖြင့် သင် ကြော်ငြာဖျောက်ဖျက်မှုကိရိယာကို ထိန်းချုပ်နိုင်သည်။
စတင်ရန် သင့်မော်နီတာမျက်နှာပြင်မှအပေါ်ညာဘက်ခြမ်းတွင်ရှိသောFirefoxမီနူးကိုနှိပ်ပါ။တစ်ခုစီ၏အပေါ်ဘက်တွင်သုံးလိုင်းရှိသည်။မီနူးတွင်ပါရှိသောContent Blockingကိုနှိပ်ပါ။မတူညီသောရွေးချယ်မှုများရွေးချယ်ခြင်းဖြင့် အပြာရောင်ပေါ့အက်ဖြင့်မြင်ရမည်။
ကြော်ငြာများသည် သင့်ကိုနှောင့်ယှက်သည်ဟု မသတ်မှတ်လျှင် ပုံမှန်စက်တင်ဖြင့်အသုံးပြုနိုင်သည်။ ခြေရာခံမှုပိတ်လိုလျှင်Private Browsingဝင်းဒိုးဖြင့်သုံးပါ။
ကြော်ငြာများသည်သင်၏နေ့စဉ်သုံးစွဲမှုကိုအနှောင့်အယှက်ဖြစ်လျှင်တားမြစ်ခြင်းအခြေအနေကိုရွေးချယ်မှပိုကောင်းမည်။ဤအခြေအနေသည်Firefoxတွင်ပြင်ပကွတ်ကီးခြေရာခံမှုများကိုပိတ်ပင်နိုင်သည်။
ခြေရာခံသူများ၊ကွတ်ကီးများနှင့်အခြားသောအရာများကို သင်ပိတ်ဆို့နိုင်ပြီး ပိတ်ဆို့မှု မလုပ်လျှင်လည်း စိတ်ကြိုက်အခြေအနေသို့ အလိုအလျောက်ရောက်မည်ဖြစ်သည်။
ခြေရာခံမှုများကိုနှိပ်ပြီးခြေရာခံမှုများကိုပိတ်နိုင်သည့်နည်းလမ်းနှစ်မျိုးရှိသည်။တစ်နည်းမှာကိုယ်ပိုင်သီးသန့်ဝင်းဒိုးအခြေအနေကိုထားရှိခြင်းလည်းကောင်း၊ဝင်းဒိုးအားလုံးအတွက်ခြေရာခံမှုပိတ်ပင်ခြင်းကိုထားရှိခြင်းဖြင့်လည်းကောင်းသုံးစွဲနိုင်သည်။ခြေရာခံမှုများကို အမြဲပိတ်ထားခြင်းသည် အချို့စာမျက်နှာကို မှန်ကန်စွာမပြပေးနိုင်ပါ။
ကွတ်ကီးများထားရှိခြင်းသည် သင်လည်ပတ်သောဆိုက်များနှင့်သင့်လှုပ်ရှားမှုများကိုစောင့်ကြည့်ပြီးသင့်လှုပ်ရှားမှုများနှင့်ပတ်သက်သောကြော်ငြာများဝင်ရောက်စေသည်။
Firefoxတွင် ပြင်ပကြော်ငြာများခြေရာခံမှုများကို သင့်တားမြစ်နိုင်သည်။ အချို့ကွတ်ကီးများတားမြစ်ခြင်းသည် အချို့ဆိုက်များကိုဖျောက်ဖျက်နိုင်သည်ကို သတိပြုပါ။
သင်အွန်လိုင်းပေါ်ကြော်ငြာများကို မကြည့်လိုလျှင် “ကျေးဇူးတင်ပါတယ်မပြပါနှင့်” ဟု ယဉ်ကျေးစွာဝက်ဆိုက်သို့ Firefoxရဲ့ခြေရာခံခြင်းပိတ်ပါရွေးချယ်မှုကိုရွေး၍ပို့နိုင်ပါသည်။ ဤသို့လုပ်ခြင်းသည် သင့်ကိုခြေရာခံမှုမှ ချက်ချင်းပင်ရပ်တန့်နိုင်သည်။
အချို့ကိစ္စများတွင် ကြော်ငြာဖျောက်ဖျက်မှုခြင်းဖြင့် သင့်ဘရောက်ဇာကို လျင်မြန်စေနိုင်သည်။ ကြော်ငြာများတက်လာလျှင် သင်ကြည့်နေသောဆိုက်ကိုနှေးကွေးစေသည်။တစ်ချိန်တည်းမှာပဲ အခြားကြော်ငြာများကို မပိတ်မိလျှင် သင်၏ရှာဖွေမှုကို ကြန့်ကြာစေသည်။
သင့်ကြော်ငြာပိတ်ဆို့ခြင်းအကြောင်းများကို လေ့လာချင်လျှင် သင်ရရှိနိုင်သောကြော်ငြာပိတ်ဆို့တိုးချဲ့မှုများစွာရှိပါသည်။ သင့်စမ်းသပ်ကြည့်ချင်လျှင် ဤနေရာကိုနှိပ်၍ဆွဲချပြီး ဘရောက်ဇာထဲကိုသွင်းပါ။